phoebus07
Tuesday, December 16, 2008
Saturday, November 29, 2008
ဟာသ
တွေးတွေးပြီး ရယ်
က)
တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။
၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.
ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...
၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။
၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။
ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။
ခ)
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။
မောင်မောင်...... ဒီမှာပါ ဆရာမ
ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?
အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ
ဆရာမ....... ................
ဂ)
ကုလားအုပ်ငယ် တစ်ကောင်ဟာ ပုံပြင်တစ်ပုဒ်ထဲကလိုပဲ ကုလားအုပ်မေမေကို မေးခဲ့တယ်။
“မေမေ.. မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ မျက်တောင်မွေးက ဒီလောက်ရှည်လျှားနေရသလဲ”
“သဲကန္တာရမှာ မေမေတို့ သွားလာတဲ့အခါမှာ သဲတွေ မျက်လုံးထဲ မဝင်အောင် ဒီမျက်တောင်မွေးတွေက ကာကွယ်ပေးတယ်လေ”
“မေမေ... မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ကျောမှာ ပို့ကြီးရှိနေရတာလဲဟင်”
“ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ မေမေတို့ သွားလာနိုင်ဖို့ ဒီပို့တွေမှာ ရေတွေလှောင်ထားရတယ်လေ သား”
ကုလားအုပ်မေမေရဲ့ အဖြေကို နားထောင်ပြီး ကုလားအုပ်လေးက နားမလည်ဟန်နဲ့ ပြန်မေးလိုက်တာက
“မေမေ... ဘာဖြစ်လို့ သားတို့က ဒီတိရိစ္တာန်ရုံမှာပဲ နေနေရတာလဲ” ဟူတည်း။
၁) တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
“မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... ” ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး “မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ” လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက “ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ” ဟူတည်း။
၂) တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။ ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး “မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... ” လို့ ပြောပြီး လူအဖြစ် အသက်သွင်းပေးလိုက်တယ်။
အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ဝမ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။ ၁ဝမိနစ်အကြာမှ ချုံထဲက ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က “ အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး” လို့ ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။
ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက....
“ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့” ဟူတည်း။
ရယ်တော့သူ အသက်ရှည်၏။း)
ရေးသားသူ....... နိုင်းနိုင်းစနေ
Labels: phoebus07
news
Saturday, November 8, 2008
SG DBSဘဏ် ၀န်ထမ်း၉၀၀လျော့ချ DBS to lay off 900 staff by end Nov!
မနေ့ညက သူငယ်ချင်းပို့လာတဲ့ သတင်းကို ဖတ်ပြီး မြန်မာလို နားလည်သလောက် ပြန်ရေးပြီး မျှလိုက်ပါတယ်...
အမေရိကန်စီးပွားရေး ကျဆင်းနေတာနဲ့တဆက်တည်း စင်ကာပူမှာလည်း စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတာ တော်တော်များများ ကြားကြလိမ့်မယ်လို့ ထင်ပါတယ်... အဲဒီဂယက်နဲ့ ဆက်စပ်ပြီး လုပ်ငန်းတစ်ချို့မှာလည်း အလုပ်မှရပ်နားမှုတွေ လုပ်နေတာလည်း ကြားနေရသလို... ကျနော် သူငယ်ချင်းတစ်ချို့လည်း ကိုယ်တိုင်ခံစားသွားရပါတယ်...
မြန်မာနိုင်ငံမှ စင်ကာပူကို လာပြီး အလုပ်အကိုင်ရှာဖွေဖို့ ပြင်ဆင်နေသူတွေ၊ လက်ရှိအလုပ်မှ ပြောင်းရွှေ့ဖို့ စဉ်းစားနေသူတွေ အတွက် ဘာတွေ လုပ်သင့်တယ်ဆိုတာ စဉ်းစားနိုင်ရအောင် မျှဝေလိုက်ပါတယ်...
တလောက ရေဒီယို သတင်းမှာ စင်ကာပူ ဘဏ္ကာရေးတာဝန်ရှိသူ တဦးကလည်း... လာမဲ့ ၂၀၀၉ ခုနှစ်ဟာ ယခုနှစ်ထက်ပို ပိုဆိုးရွားနိုင်တယ်လို့ ပြောတာကို နားထောင်လိုက်ရပါတယ်... စလုံးနိုင်ငံသားများကိုလည်း အဲဒီအကျပ်အတည်းကို ရုပ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသလို စိတ်ပိုင်းဆိုင်ရာ အရလည်း ပြင်ဆင်ထားဖို့လိုကြောင်းလည်း ပြောသွားပါတယ်.... အဲဒီ ဂယက်ရဲ့ ရိုက်ခတ်မှု တစိတ်တပိုင်းကို အောက်က သတင်းမှာ မြင်နိုင်ပါတယ်...
ဇင်ယော်၁၃
Labels: xinyaw13
news
အချစ်
အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးသလား?
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?
အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...
အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ “အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်” လို့ ပြန်ဖြေခဲ့တယ်။
လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ “ အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။
မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။
ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။
အဘိုးအိုက..
“ပြီးဆုံးခဲ့တဲ့ အချစ်အတွက် ထိခိုက်မနေပါနဲ့၊
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ” လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။
နိုင်းနိုင်းစနေ
Labels: nineninesanay